တနင်္သာရီ ၁၀ မတ် ၉

 

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ အမြဲတမ်း ရှင်သန်နေစေရေးနှင့် စာကြည့်တိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် ကျေးရွာနေပြည်သူများမှ စာကြည့်တိုက်အား ပိုမိုစိတ်ဝင်စားပြီး စာပေလေ့လာ ဖတ်ရှုသူ တိုးပွါးလာစေရန်နှင့် Media ကဏ္ဍ ပြည်သူ့သဘောထား စစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် မတ် ၁ဝ ရက် နံနက် ၁ဝ နာရီခန့်က  တနင်္သာရီမြို့နယ် ပြန်/ဆက်ဦးစီးဌာန ဦးစီးမှူး ဒေါ်သဲစုစုလွင်နှင့် ဝန်ထမ်းများက တမုတ်ချုန်းကျေးရွာအုပ်စု၊ ရေဖြူကျေးရွာ “ပညာရွှေအိုး” စာကြည့်တိုက်မှ စာကြည့်တိုက်ကော်မတီ နာယကနှင့် ကော်မတီဝင်များ၊ စာကြည့်တိုက်မှူး၊ စာကြည့်တိုက်အဖွဲ့ဝင်များနှင့် တွေ့ဆုံရန် ကွင်းဆင်းသွားရောက် ဆောင်ရွက်ခဲ့ကြသည်။

 

66

 

ထိုသို့တွေ့ဆုံရာ၌ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုစုလွင်က စာကြည့်တိုက် စဉ်ဆက်မပြတ် ရှင်သန်ရေးအတွက် နေ့စဉ်ဆောင်ရွက်သင့်သည့် စာကြည့်တိုက်ဆိုင်ရာများ ဆွေးနွေးညှိနှိုင်းမှုများအပေါ် စာကြည့်တိုက်မှူးနှင့် ကော်မတီများကလည်း  ၎င်းတို့ကျေးရွာစာကြည့်တိုက် ဖွံ့ဖြိုးရေးနှင့် အောင်မြင်လိုသည့် အချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်၍ ရေဖြူကျေးရွာ “ပညာရွှေအိုး” စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် ရေဖြူကျေးရွာ “ပညာပါရမီ” လူမှုရေးကူညီမှု ပရဟိတအဖွဲ့မှ နံရံကပ်ဘီဒိုပြုလုပ်နိုင်ရန်  အလှူငွေကျပ် တစ်သိန်း ထောက်ပံ့လှူဒါန်းခဲ့ရာ စာကြည့်တိုက်ကော်မတီနာယက ဦးညွန့်မောင်မှ လက်ခံရယူခဲ့ပြီး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက Media ကဏ္ဍဆိုင်ရာ ပြည်သူ့သဘောထား စစ်တမ်းများ ကောက်ယူခဲ့ကြကြောင်း သိရှိရသည်။

 

သတင်း-နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)