နေပြည်တော် ဒီဇင်ဘာ ၂၀

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများ ကောင်းမွန်စေရေးအတွက် စဉ်ဆက်မပြက် ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ရေဖြူမြို့နယ်၊ အိန္ဒရာဇာ - ဆင်ကူး - လယ်ကြီး - မင်းသား -ဆင်စွယ် - ရေငံကြီး - စိန်ဘုံ ကျေးရွာချင်းဆက် မြေသားလမ်း ၁၅ မိုင်အနက် ၈ မိုင် (အပြီးသတ်) အမာခံခင်းခြင်း လုပ်ငန်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ရန်ပုံငွေကျပ် ၂၂၂ ဒသမ ၂၂၁ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် လုပ်ငန်းမှာ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်