ရွှေပြည်သာ ၁၄ မတ်

အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အိမ်တွင်းမှုပညာရပ်ဖြင့် မိသားစုအပိုဝင်ငွေရရှိစေရန် ရန်ကုန် မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံအိမ်တွင်းမှုအထောက်အကူပြုဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ရွှေပြည်သာမြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ ဆရာမဒေါ်အေးအေးနှင့်အဖွဲ့မှ ဆပ်ပြာဆီပြုလုပ်နည်းကို စာတွေ့ လက်တွေ့သင်ကြားပေးခဲ့ပြီး သင်တန်းသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ(၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)