နေပြည်တော် ၁၁ အောက်တိုဘာ

 

ရှမ်းပြည်နယ် သိန်းနီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၈ ရက် ည ၉ နာရီက ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်၌ ယာဉ်များအား ရပ်တန့်စစ်ဆေးဆောင်ရွက်စဉ် မူဆယ်ဘက်မှ လားရှိုးဘက်သို့ ပြင်ဦးလွင်မြို့နယ် ညံညင်းသာ ကျေးရွာနေ ကျော်စံဝင်း(၂၅)နှစ် မောင်းနှင်ပြီး ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်းနေ ခင်မောင်လတ်(၄၂)နှစ် လိုက်ပါလာသည့် MDY 6G/××××Nissan ၁၂ ဘီးယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်မှ ဓာတုဆေးရည် Ethylacetate Auto Col အရည် ၁ ပီပါလျှင် ၁၅၀ လီတာခန့်စီပါ သံပီပါ ၆၈ လုံး(၁၀၂၀ဝ လီတာခန့်)နှင့် Sodiun Zirconate အရည် ၁ ပီပါလျှင် ၁၅၀ လီတာခန့်ပါ ကော်ပီပါ ၉ လုံး(၁၃၅၀ လီတာ) တို့အား စစ်ဆေးတွေ့ရှိရသဖြင့် ကျော်စံဝင်းအား စစ်မေးရာ အောက်တိုဘာလ ၈ ရက်နေ့ ညနေ ၃ နာရီက ၎င်းနှင့်ရင်းနှီးသူ နိုင်လင်း ဆိုသူမှ ကွတ်ခိုင်မြို့တိုးဂိတ်အနီး မန္တလေး-မူဆယ်ကားလမ်းတွင် ရပ်ထားသည့် MDY 6G/×××× ယာဉ်အား ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ် အကျော်ထိ ငွေ ၅၀,ဝ၀ဝ ကျပ်ဖြင့် မောင်းနှင်ခိုင်းခဲ့၍ မောင်းနှင်လာစဉ် ဖမ်းဆီးခြင်းခံရကြောင်း ထွက်ဆိုသဖြင့် ကျော်စံဝင်းပါ ၂ ဦးအား သိန်းနီမြို့မရဲစခန်း (ပ)၁၁၃/၂၀၁၉၊ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၃၇/၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

 

သတင်းစဉ်

 

mdn