ရွှေတောင်  အောက်တိုဘာ ၂၀

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက   လူငယ်များ၊ ကျောင်းသား ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်း ရင်းနှီးစေရန်အတွက် Youth Club  အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ ဆရာကြီးရွှေဥဒေါင်းရေးသားသော ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရားစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို  အောက်တိုဘာ  ၁၉  ရက် နံနက်ပိုင်းက   လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားသည်။

ဆက်လက်၍  Youth  Club အဖွဲ့ဝင် ကျောင်းသား ကျောင်းသူများက  စာရေးဆရာ ဆရာကြီးရွှေဥဒေါင်းရေးသားသော ယဉ်ကျေးမှုနှင့်ကိုယ်ကျင့်တရားစာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။

ထို့နောက်   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော စာအုပ်စာစောင်ပြပွဲနှင့် မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးနံရံကပ် စာစောင်၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းပညာပေးပိုစတာ၊ လေပြင်းဘေးအန္တရာယ်   အသိပညာပေးပိုစတာများကို    ကျောင်းသား ကျောင်းသူများက   ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)