ယင်းမာပင် ၂၃ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ကံကြီးတောကျေးရွာ၌ အောက်တိုဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲက ရေတွင်းဆင်းဆယ်ရာမှ အောက်ဆီဂျင်ပြတ်လပ်၍ လူတစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဆားလင်းကြီးမြို့နယ် ကံကြီးတောကျေးရွာနေ သေဆုံးသူ ဦးဖိုးဆန်းသည် တစ်ရွာတည်းနေ ဦးစန်းကြိုင်နှင့် ကံကြီးတောကျေးရွာ ကျေးရွာအများသုံးရေတွင်း အနက် ၃၈ ပေ၊ အကျယ် ၄ ပေခန့်ရှိ ရေတွင်းထဲသို့ ရေတွင်းဂျီးနှင့် အမှိုက်သရိုက်များအား ဆင်းဆယ်ရာမှ အောက်ဆီဂျင်ပြတ်လပ်၍ သတိမေ့မြောနေသဖြင့် ဆားလင်းကြီးမြို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဒုဦးစီးမှူး ဦးဇော်ဟိန်းနိုင် ဦးစီးသော တပ်ဖွဲ့ဝင်များက သွားရောက်ဆယ်ယူခဲ့ပြီး ဆားလင်းကြီးမြို့ ပြည်သူ့ဆေးရုံ၌ တင်ပို့ခဲ့ကာ ဆေးကုသမှုခံယူနေစဉ် ဦးဖိုးဆန်းမှာ သေဆုံးသွားကြောင်း သိရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာမတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် ဆားလင်းကြီးမြို့မရဲစခန်းမှ အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
ဦးငယ်(ဆားလင်းကြီး)


