မေ ၂၀
ဖရန့်ဖက်အသင်းနဲ့ ရိန်းဂျားစ်အသင်းတို့ မေ ၁၈ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် ဖလား နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ ဖရန့်ဖက်အသင်းက ရိန်းဂျားစ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ဖရန့်ဖက် အသင်းက ယူရိုပါလိဂ်ဖလားကို ရယူဆွတ်ခူးနိုင်ခဲ့ပါ တယ်။
ဖရန့်ဖက်အသင်းနဲ့ ရိန်းဂျားစ်အသင်းတို့ပွဲစဉ်မှာ ပထမပိုင်းပွဲကစားချိန်အတွင်း ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ရိန်းဂျားစ် အသင်းက ပွဲကစားချိန် ၅၇ မိနစ်မှာ သွင်းယူခဲ့တဲ့ အာရီဘိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုးရရှိခဲ့ပြီး ဖရန့်ဖက် အသင်းက ပွဲကစားချိန် ၆၉ မိနစ်မှာ ဘိုရီရဲ့သွင်းဂိုးနဲ့ ချေပဂိုးပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းပွဲကစားချိန်တွေမှာတော့ ဘယ်အသင်း ကမှ ဂိုးထပ်မံမသွင်းယူနိုင်ခဲ့တဲ့အပြင် အချိန်ပိုကစား ခဲ့ရာမှာလည်း သရေရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့ ဖရန့်ဖက် အသင်းက ရိန်းဂျားစ်အသင်းကို ငါးဂိုး-လေးဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဖရန့်ဖက်အသင်းဟာ ယူရိုပါလိဂ်ဖလားရရှိခဲ့တာ ကြောင့် ၁၉၉၆-၉၇ ဘောလုံးရာသီက ရှော်လ်ကေး အသင်း ယူရိုပါလိဂ်ဖလားရရှိခဲ့ပြီးနောက်ပိုင်း ယူရို ပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံးသော ဂျာမန် အသင်းလည်း ဖြစ်လာခဲ့ပါတယ်။
ဖရန့်ဖက်အသင်းဟာ ရိန်းဂျားစ်အသင်းကို အနိုင်ရရှိပြီး ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ် တာကြောင့် လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိတော့မှာလည်း ဖြစ်ပါတယ်။
ငွေကြယ်


