စစ်တွေ ၁၅ မတ်

ရခိုင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကော်မတီအတွင်းရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မိုးက စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အချက်များကို တင်ပြပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေး အတည်ပြုကြသည်။

ယနေ့ကျင်းပသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အချက်(၁၂)ချက်ကို ဆွေးနွေးအတည်ပြုခဲ့ကြောင်း သိရသည်။

သတင်း၊ ဓာတ်ပုံ- မျိုးသူထွန်း

 

mdn