စစ်တွေ နိုဝင်ဘာ ၄

 

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူး၍ တန်ဆောင်မုန်းလပြည့်နေ့ သံဃာတော်အပါး  ၅၀၀ နှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းတော် ကြီးလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး၌ ကျင်းပသည်။ 

 

အခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ်၊   ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊   စစ်တွေ တပ်နယ်မှ တာဝန်ရှိသူများနှင့် ဇနီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် စေတနာရှင် အလှူရှင်များ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး တို့က စစ်တွေမြို့ အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူး နှင့် ပြည်နယ်ဝန်ကြီးများက ဦးဆောင်ကာ ကြွရောက် တော်မူကြသော ထေရ်ကြီး ဝါကြီးဆရာတော်ကြီးများနှင့် သံဃာတော်များအား ဆွမ်းတော်ကြီးနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူကြသည်။

 

ဆက်လက်၍ ကျောင်းတိုက်အသီးသီးမှ ရဟန်း သံဃာများနှင့် သာမဏေများ၊  သီလရှင်များအား စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာရှင် အလှူရှင်များနှင့် ရပ်ကွက်နေပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆေးဝါးနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။     

 

တင်ထွန်း(ပြန်/ဆက်)