သံတွဲ ၁၅ မတ်


ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် ယူအင်ဒီပီ၏ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်မည့် ပြည်သူအများ ပူးပေါင်းပါဝင် ရေးဆွဲထားသော ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် ရခိုင်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များကို မြို့နယ်လူထုအားလုံးသို့ အသိပေးရှင်းလင်း တင်ပြခြင်း အခမ်းအနားကို မတ် ၁၅ ရက် နံနက် ၉:၃၀ နာရီက သံတွဲမြို့ ဒွါရာဝတီခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲရေး ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းခိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံကိန်း ရေးဆွဲရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခိုင်ထွန်းဆွေက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ပြည်သူအများ ပူးပေါင်းပါဝင် ရေးဆွဲထားသော မြို့နယ်ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရခိုင်ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ထိုက်ထိုက်မြင့်က၂၀၁၈-၁၉ဘဏ္ဍာနှစ်အတွက် ရခိုင်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များကို မြို့နယ်လူထုအားလုံးသို့ အသိပေး ရှင်းလင်းတင်ပြပြီး UNDP Chief Technical Advisor က ယူအင်ဒီပီ၏ မြို့နယ်ဖွံ့ဖြိုးမှု အထောက်အပံ့ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။


အဆိုပါ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် ယူအင်ဒီပီ၏ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်မည့် ပြည်သူအများ ပူးပေါင်း ပါဝင် ရေးဆွဲထားသော ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်ဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲရေးအတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း မြို့နယ်ဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို သုံးကြိမ်ပြုလုပ်ပြီး မြို့နယ်အခြေအနေ စီစစ်လေ့လာခြင်း ၊ ဦးစားပေးကဏ္ဍများကို တိုက်နယ်ဇုံအလိုက် သတ်မှတ်ခြင်းပြီး  ဦးစားပေးစီမံကိန်းများရွေးချယ်ခြင်းလုပ်ငန်းများကိုအဆင့်ဆင့် ဆောင်ရွက်ခဲ့ကြပြီး လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းစီမံကိန်းလေးခုကို ( ၆၈၈ ဒသမ ၈၂ )သန်းဖြင့်ဆောင်ရွက်ရန် ရွေးချယ်ခဲ့ကြသည်။


၎င်းစီမံကိန်းလုပ်ငန်းများမှာ  ခန့်မှန်းကုန်ကျငွေ ၁၃၃ ဒသမ ၆၅ သန်းဖြင့် ဆောင်ရွက်မည့် ငပန်-အထဲကွင်း ကျေးရွာခြင်းဆက်လမ်း ဝ/၇ မိုင်အား ပေ ၂၀ အကျယ်ရရှိရန် ဖို့မြေ ဖြတ်မြေ လုပ်ငန်းဆောင်ရွက်ခြင်း၊၁၄ပေ×၆ လက်မထု ကျောက်စရစ်ခင်းခြင်းနှင့် ၎င်းလမ်းပေါ်ရှိ (၂၀’×၂၄’×၁၀’) အရှည်ရှိတ့တားတစ်စင်း၊(၅’×၂၄’×၅’)Box Culvert ခြောက်ခုတည်ဆောက်ခြင်း၊ ခန့်မှန်းကုန်ကျငွေ ၁၅၁ ဒသမ ၂၅ သန်းဖြင့် ဆောင်ရွက်မည့် ငမန်းခဲ-ချောင်းဝ ကျေးရွာခြင်းဆက်လမ်း ၂/၂မိုင်အား သုံးပေအမြင့် မြေသားဘောင်တင်ခြင်း၊ ၁၄ ပေ အကျယ် ၆ လက်မထု ကျောက်စရစ်ခင်းခြင်း နှင့် ( ၅’×၂၄’×၅’ ) အတိုင်းအတာရှိ All box culvert သုံးခုတည်ဆောက်ခြင်း၊ ကျောက်ရိုးစ box culvert နှစ်ခု တည်ဆောက်ခြင်းနှင့် တံတားချဉ်းကပ်လမ်းငါးခုတည်ဆောက်ခြင်း၊ ထို့နောက် ခန့်မှန်းကုန်ကျငွေ ၁၇၇.၃၂သန်းဖြင့်ဆောင်ရွက်မည့် ပိန်းတောကြီး-ဂျို့အို-စမ်းကြီး ကျေးရွာခြင်းဆက်လမ်း ၃/၂ မိုင်အား ၂၀ ပေ အကျယ်ရရှိရန် ဖို့မြေ ဖြတ်မြေလုပ်ငန်းဆောင်ရွက်ခြင်း ၊ (၁၀’×၂၄’×၁၀’ )အရှည် ကျောက်ရိုးစီ တံတားနှစ်စင်း နှင့် ( ၅’×၂၄’×၅’ ) box culvertသုံးခုတည်ဆောက်ခြင်းလုပ်ငန်းများနှင့် ခန့်မှန်းကုန်ကျငွေ ၂၂၆.၆၀ သန်းဖြင့်ဆောင်ရွက်မည့် ပွင့်ဖြေ-ရေစင် ကျေးရွာခြင်းဆက်လမ်း ပေါ်ရှိ (၂၀’×၁၆’×၁၅’ ) အရှည် တံတားတစ်စင်း ၊(၃၀’×၁၆’×၁၂’ ) အရှည်တံတားတစ်စင်းနှင့် (၁၀’×၂၄’×၁၀’ ) အရှည်တံတားနှစ်စင်း စုစုပေါင်းတံတား(၄)စင်း ကို ကျောက်ရိုးစီကွန်ကရစ်တံတားတည်ဆောက်ခြင်း ၊ ( ၅’×၂၄’×၅’ ) box culvert ခုနှစ်ခုတည်ဆောက်ခြင်း (၃၀’×၁၆’×၁၂’)တံတားအတွက် တံတားချဉ်းကပ် လမ်းတစ်ခု တည်ဆောက်ခြင်း လုပ်ငန်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံကိန်းရေးဆွဲရေး ကော်မတီထံမှ သိရှိရသည်။


ခရိုင်ပြန်/ဆက်