စစ်တွေ ၁၈ ဖေဖော်ဝါရီ
စက်မှုဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ လျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန်းအမှတ်စဉ်(၂/၂၀၁၉)ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက အမှာစကားပြောကြားပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမိုးကျော်က သင်တန်းဖွင့်လှစ်ရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးသည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် သင်ထောက် ကူပစ္စည်းများနှင့် ပညာပေးပြခန်းအား လှည့်လည်ကြည့်ရှုသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား ၈၀ တက်ရောက်ကြပြီး စက်မှုဝန်ကြီးဌာနမှ လျှပ်စစ် ကျွမ်းကျင်သူများက သင်ထောက်ကူပစ္စည်းများအသုံးပြု၍ စာတွေ့လက်တွေ့ တစ်လကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)


