နေပြည်တော် ၂၆ သြဂုတ်
ယနေ့ နံနက် မြန်မာစံတော်ချိန် ၉ နာရီ ၁၉ မိနစ် ၁၄ စက္ကန့်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၁၈) မိုင် ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ရှင်ဗွေယန်မြို့၏ အနောက်ဘက် (၈) မိုင်ခန့် အကွာ)ကို ဗဟိုပြုကာ အင်အားရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အဆိုပါ မြေငလျင်သည် မြောက်လတ္တီတွဒ် (၂၆.၆၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.ဝ၈)ဒီဂရီ၊ အနက် (၆၇) ကီလိုမီတာခန့်ကို ဗဟိုပြု၍ ုလှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
MDN


