နေပြည်တော် ၁၃ မတ်
ရန်ကုန်- မန္တလေးရထားလမ်းပိုင်းရှိ ရန်ကုန်-ပဲခူးလမ်းပိုင်းနှင့် ရန်ကုန်မြို့ ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတို့၏ မြို့ပြနှင့် သံလမ်းဆိုင်ရာလုပ်ငန်း များ၊ အချက်ပြနှင့်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများ တပ်ဆင်ခြင်း ကန်ထရိုက် စာချုပ်လက်မှတ်ရေးထိုးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာ့မီးရ ထားရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာ့မီးရထားမှ တာဝန်ရှိသူများ၊ FNS JV နှင့် NKS JV Co.,Ltd တို့မှ တာဝန်ရှိသူများက ရထားလမ်းပိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် အချက်ပြ ဆက်သွယ်ရေးဆိုင်ရာ တပ်ဆင်ခြင်းလုပ်ငန်းတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်းနှင့် FNS JV နှင့် NKS JV Co.,Ltd တို့မှ General Manager Mr.Eita Fujikawa တို့သည် ရန်ကုန်-ပဲခူး ရထားလမ်းပိုင်းနှင့်ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်း၏မြို့ပြနှင့်သံလမ်းဆိုင်ရာလုပ်ငန်း၊ အချက်ပြနှင့်ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းတပ်ဆင်ခြင်းဆိုင်ရာ ကန်ထရိုက်စာချုပ်ကို ဒုတိယဝန်ကြီး ဦးကျော်မျိုး ၏ရှေ့မှောက်၌ လက်မှတ်ရေးထိုးကြပြီး အပြန်အလှန်လဲလှယ်ကြသည်။
ရန်ကုန်- မန္တလေးလမ်းပိုင်းသည် ၃၈၅ ဒသမ ၅ မိုင်ရှည်လျားသည့်အတွက် အဆိုပါ လမ်းပိုင်းအဆင့်မြှင့်တင်ရေးစီမံကိန်းဆောင်ရွက်ရာတွင် ရင်းနှီးမြှပ်နှံမှုပမာဏ များပြားသဖြင့် ရထားလမ်းပိုင်းကို ရန်ကုန်-တောင်ငူ လမ်းပိုင်း ၁၆၆မိုင်၊ တောင်ငူ-မန္တလေးလမ်းပိုင်း ၂၁၉ ဒသမ ၅ မိုင်ဟူ၍ အဆင့်နှစ်ဆင့်ခွဲခြား၍ ကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းအဆင့်(၁)အနေဖြင့်ရန်ကုန်- တောင်ငူ လမ်းပိုင်းအား ရန်ကုန်-ပဲခူး၊ ပဲခူး-ညောင်လေးပင်နှင့် ညောင်လေးပင်-တောင်ငူဟူ၍ အပိုင်းသုံး ပိုင်းခွဲပြီး တင်ဒါပိတ်ခေါ်ခြင်းကို ၂၀၁၇ခုနှစ်၊ မတ်လကစတင်ဆောင်ရွက် ခဲ့ကြောင်း၊ စက်တင်ဘာ ၆ ရက်တွင် ပဲခူး-ညောင်လေးပင်လမ်းပိုင်းအားလည်းကောင်း၊ စက်တင် ဘာ ၂၈ ရက်တွင် ညောင်လေးပင်-တောင်ငူ လမ်းပိုင်းအားလည်းကောင်း ကန်ထ ရိုက်စာချုပ်ချုပ်ဆိုခဲ့ပြီး ယနေ့တွင် ရန်ကုန်-ပဲခူးလမ်းပိုင်းနှင့် ရန်ကုန်မြို့ ပတ်လမ်းပိုင်းတို့အား ကန်ထရိုက်စာချုပ် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


