ရန်ကုန် ၁၈ မတ်

 

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် မော်တော်ကားလေလံပွဲကြီးကို မတ် ၂၄ ရက်တွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏမိုးလုံလေလုံ၌ ပြုလုပ်မည်ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲပိုင်းက အင်းယားလိပ်ဟိုတယ်၌ ပြုလုပ်သည့် မြန်မာနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိက လေလံဝန်ဆောင်မှု ကုမ္ပဏီ Myanmar Auction Company Limited (MAC) မိတ်ဆက်ပွဲ အခမ်းအနားမှ သိရသည်။

 

”ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နိုင်ငံတကာလို ရောင်းသူနဲ့ဝယ်သူကြားမှာ စနစ်တကျ တည်ဆောက်ပေးတယ်။ ရောင်းသူဝယ်သူအတွက်ရော ဈေးနှုန်း၊ ပစ္စည်းမှန်ကန်ဖို့ တာဝန်ယူဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒါ့ပြင်ရောင်းသူဝယ်သူရော မနစ်နာစေဖို့လည်း ကြားခံဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ကားအမျိုးအစားက လက်ရှိမှာစာရင်းပြုစုထားပြီး မည်သည့် ကားအမျိုးအစားကို ကန့်သက်ထားတာ မရှိပါဘူး။ ဥပမာ ဂျပန်၊ ယူရို၊ တရုတ်၊ အီတလီ အစရှိတဲ့ မိတ်တွေရှိမယ်။ ဘယ်မိတ်ပဲဖြစ်ဖြစ် လာရောက်ပြီး လေလံရောင်းချခွင့်ရှိမယ်။ ဝယ်တဲ့သူကလည်း ရောင်းချတဲ့ ပစ္စည်းကိုကြည့်ပြီး ဝယ်ယူခွင့်ရှိမယ်။ ဘယ်ကားအမျိုးအစားမဆို ကန့်သတ်ထားတာမရှိဘူး။ ကားအမျိုးအစားများ ပါလာလိမ့်မယ်ဟု မြန်မာနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိက လေလံဝန်ဆောင်မှု ကုမ္ပဏီမှ ဒါရိုက်တာ ဦးဇင်မောင်မောင်က ပြောသည်။

 

MAC ၏ ရည်မှန်ချက်မှာ ပြည်သူပြည်သားတို့၏ ရောင်းချဝယ်ယူလိုသော ပစ္စည်းများကို နည်းစနစ်မှန်ကန်စွာဖြင့် ပွင့်လင်းမြင်သာသော ဈေးကွက်ဖြစ်လာစေရေး ၊ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာသော လေလံဈေးကွက် စနစ်တကျ ဖြစ်ထွန်းအောင်မြင်စေရေး၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော လေလံစနစ်ကြီး မြန်မာနိုင်ငံတွင် နည်းစနစ်မှန်မှန်ဖြင့် ဖြစ်ထွန်းအောင်မြင်စေရေးတို့ ဖြစ်ကြောင်း သိရသည်။

 

ယင်းကုမ္ပဏီမှ လေလံဝန်ဆောင်မှု ငါးမျိုးဖြစ်သည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ စက်ယန္တရားကြီးများ၊ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်းများ၊ ရှေးဟောင်းပစ္စည်းများ လေလံဝန်ဆောင်မှု လုပ်ငန်းများကို အပတ်စဉ်လစဉ် ပြုလုပ်သွားမည်ဖြစ်ပြီးမော်တော်ယာဉ်လေလံပွဲကြီးကို မတ် ၂၄ ရက် တစ်ရက်တည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ 

 

သတင်းနှင့်ဓာတ်ပုံ - အာကာစိုး

 

IMG_20