ရန်ကုန် ၁၈  မတ် 
    

 

၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပညာရေးဘွဲ့ စာပေးစာယူသင်တန်းသား ဆရာ/ ဆရာမများကိုယ်တိုင် တက်ရောက်သင်ယူရမည့် ဧပြီ၊ မေ သင်တန်းကာလနှင့် စာမေးပွဲ ကျင်းပမည့် အစီအစဉ်ကို ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ကျင်းပမည် ဖြစ်သည်။

 


သင်တန်းအမှတ်စဉ်(၃၇)ပထမနှစ်နှင့် အမှတ်စဉ်(၃၆)ဒုတိယနှစ်သင်တန်း၏ ဧပြီ၊ မေ သင်တန်းကာလမှာ (၁၉-၄-၂၀၁၉)မှ (၃-၅-၂၀၁၉)ထိဖြစ်ပြီး စာမေးပွဲ ကျင်းပမည့်ကာလမှာ  (၆-၅-၂၀၁၉)မှ (၁၀-၅-၂၀၁၉)ထိဖြစ်ကာ သတင်းပို့ရမည့်ရက် မှာ (၁၈-၄-၂၀၁၉) (ကြာသပတေးနေ့) ဖြစ်ကြောင်း သိရသည်။

 


(သတင်းစဉ်)