ရန်ကုန် အောက်တိုဘာ ၂၁        

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တိုက်ကြီးမွေးမြူ ရေးဇုန်ရှိ ဦးကဲ၏ ခြံ၌ ဥစားကြက် အကောင်ရေ ၅၀၀၀ နှင့် ဘဲ အကောင်ရေ ၄၅၀၀ မွေးမြူထားရှိမှုနှင့် ရေလယ်ရှိခြံ၌ ဘဲအကောင်ရေ ၁၀၀၀ မွေးမြူထားရှိမှုကိုလည်းကောင်း၊ အကွက်အမှတ်(B 11) ရှိ ခြံ၌ ဒေသနွား ၆၁ ကောင်၊ အကွက်အမှတ် (B 12) ရှိ ခြံ၌ ဆိတ်အကောင် ရေ ၁၅၀ နှင့် ဒေသနွား အကောင်ရေ ၅၀ မွေးမြူထားရှိမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

မှာကြား

ထို့နောက် တိုက်ကြီးမွေးမြူရေး ဇုန်၌   Super Seven Stars Agir-Tech Co.,Ltd. ၏ ကြက်မွေးမြူနိုင်ရေး မွေးမြူရေးခြံများ တည်ဆောက်နေမှု၊ ဒေါ်ခင်ကျော်ကျော်ဆင့်၏ ခြံ၌   ဥစားကြက် အကောင်ရေ ၃၂၀၀ မွေးမြူထားရှိမှု၊ မြတ်မင်းကုမ္ပဏီလီမိတက်၏ အသားတိုးဝက် မွေးမြူနိုင်ရေး မွေးမြူရေးခြံများ  ဆောက်လုပ်နေမှုနှင့် ပြီးစီးမှုအခြေအနေများ၊ သာယာကုန်းကုမ္ပဏီလီမိတက်၏ အသားတိုးကြက် မွေးမြူနိုင်ရေး မွေးမြူရေးခြံများ ဆောက်လုပ်နေမှုနှင့် ပြီးစီးမှု၊ ဒေါ်နန်းခမ်းစိမ်း ၏ခြံ၌ အသားတိုးကြက်အကောင်ရေ  ၅၁၀၀ မွေးမြူထားရှိမှုများကို လှည့်လည်ကြည့်ရှုပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် တိုင်းဒေသကြီးအတွင်း စားရေရိက္ခာ ဖူလုံရေးအတွက် တိုးချဲ့မွေးမြူကြရန်နှင့် တိရစ္ဆာန် အစာပင်များ တိုးချဲ့စိုက်ပျိုးကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း   သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)