ရန်ကုန် ၁၅ မတ်

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ယနေ့ ညနေ ၄ နာရီက ရန်ကုန်မြို့ ကန်တော်ကြီးအတွင်း၌ တည်ဆောက်နေသော ရေအောက်ငါးပြတိုက် ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

 

mdn

 

အဆိုပါငါးပြတိုက်ကြီးကို လာမည့် မြန်မာနှစ်သစ်ကူးတွင် ဖွင့်လှစ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဇန်နဝါရီ ၈ ရက်က ကျင်းပပြုလုပ်သည့် Wyndhm  Garden Hotel ဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားထားပြီးဖြစ်သည်။

 

mdn

 

အဆိုပါ ငါးပြတိုက်တွင် ရေအောက်လမ်းများ ပါဝင်မည်ဖြစ်ပြီး ငါးမန်းအပါအဝင် ငါးမျိုးစိတ်ပေါင်း ၅ဝဝ ထားရှိမည်ဖြစ်ကြောင်း ငါးအကောင်ရေ တစ်သန်းနီးပါးခန့် ပြသထားမည်ဖြစ်ကြောင်း၊  သိရသည်။ ပြတိုက်အတွင်း ရေချို၊ ရေငန် ငါးမျိုးစိတ်ပေါင်း (၁၀ဝ၀) ကျော်နှင့် အလှမွေး ငါးဈေးတန်းတို့ကိုပါ ထည့်သွင်းပြသမှာ ဖြစ်ကြောင်း သိရသည်။

ငါးပြတိုက်ကို နိုင်ငံတကာအဆင့်မီ ရေအောက်ကမ္ဘာပုံစံ တည်ဆောက်နေခြင်းဖြစ်ပြီး ပြတိုက်တွင် ထည့်သွင်းပြသမယ့် ငါးတွေကို  ပြည်ပကနေမှာယူပါက ဈေးကြီးတာကြောင့် မြန်မာ့ပင်လယ်ပြင်က ငါးမျိုးစိတ်တွေကို ထည့်သွင်းပြသရန် မြန်မာနိုင်ငံ အလှမွေးငါးလုပ်ငန်းရှင်များအသင်းက အကြံပေးထားကြောင်းနှင့် လက်ရှိ ပြည်တွင်းမှာ အလှမွေးငါး ရေချိုငါးမျိုးစိတ် (၁၀ဝ) ကျော်နဲ့ ရေငန်ငါးမျိုးစိတ် (၃၀) ကျော်ရှိကြောင်းသိရသည်။

 

mdn

 

ကန်တော်ကြီးဥယျာဉ်မှာ တည်ဆောက်နေဆဲဖြစ်တဲ့ ရေချို၊ ရေငန် အလှမွေးငါးပြတိုက်ကို Myanmar Aquarium ကုမ္ပဏီက ငါးလုပ်ငန်းဦးစီးဌာနဲ့ ၂၀၁၃ ခုနှစ်တည်းက နှစ်ရှည်ငှားရမ်းစာချုပ် ချုပ်ဆိုပြီး မြေငါးဧကပေါ်မှာ ဆောက်လုပ်နေဆဲဖြစ်သည်။

ငါးပြတိုက်ဆောက်လုပ်ပြီးစီမှု အခြေအနေအား သွားရောက်ကြည့်ရှုရာတွင် ရန်ကုန်တိုင်း စိုက်ပျိုးရေး မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများ၊ ငါးပြတိုက်ဆောက်လုပ်နေသည့် Myanmar Aquarium  ကုမ္ပဏီ မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဆန်းကျော်ဦး (ပြန်/ ဆက်)