မန္တလေး  ၃၀ သြဂုတ် 


အမရပူရမြို့နယ်တွင် ကျင်းပသည့် ရတနာ့ဂူပွဲတော် နောက်ဆုံးရက်တွင် လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံက သိရသည်။ 


ယခုလ ၂၉ ရက် (ဝါခေါင်လကွယ်) က ရတနာ့ဂူပွဲတော် အမေရေယာဉ် နတ်နန်းရှေ့တွင် ကခုန်နေသည့်အသက် ၁၈ နှစ်အရွယ် ကိုချမ်းမြေ့အောင်ကို အမည်မသိ လူတစ်ဦးမှ ဓားဖြင့်ထိုးခဲ့ကြောင်း သိရသည်။ 


ဓားထိုးခံရသူသည် ယာဘက်ရင်အုံ၊ ယာနံစောင်း၊ ယာလက်မောင်း၊ ရင်ညွှန့် နေရာများတွင် ထိုးသွင်းဒဏ်ရာများ ရရှိခဲ့သည်။


အဆိုပါ ဒဏ်ရာများရရှိသဖြင့် အမရပူရမြို့နယ် ဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရပြီး ဓားဖြင့်ထိုးသွားသူအား သက်ဆိုင်ရာ ရဲစခန်းမှ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်းသိရသည်။


ရတနာ့ဂူပွဲတော်ကို ဝါခေါင်လဆန်း ၈ ရက်မှ ဝါခေါင်လကွယ် အထိကျင်းပခြင်း ဖြစ်သည်။


အိမို့မို့ခိုင်