ဗလာဒီဗော့စတော့ခ်  ဇူလိုင်  ၂၀

ရုရှားနိုင်ငံ ကမ်ချပ်ကာကျွန်းဆွယ် ကမ်းလွန်ပင်လယ်ပြင်၌  ဇူလိုင် ၂၀ ရက် ညနေပိုင်းက ပြင်းထန်သော ငလျင်များ ဆက်တိုက်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ အပြင်းထန်ဆုံးမှာ ပြင်းအား ၇ ဒသမ ၆ အဆင့်အထိ ရှိခဲ့ကြောင်း  ရုရှားသိပ္ပံအကယ်ဒမီ၏   ဘူမိရူပဗေဒဆိုင်ရာ ပေါင်းစည်း ဝန်ဆောင်မှု ကမ်ချပ်ကာဌာနခွဲက ၎င်းတို့၏    တယ်လီဂရမ်ချန်နယ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အထူးကျွမ်းကျင်သူများသည်    ငလျင်ဒဏ်သင့်ဒေသများရှိ အဆောက်အအုံများကို မကြာမီအချိန် အတွင်း   စတင်စစ်ဆေးတော့မည်ဖြစ်ကြောင်း  အရေးပေါ်အာဏာပိုင်အဖွဲ့က   ပြောသည်။   လက်ရှိ အချိန်အထိ   ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုများနှင့် အဆောက်အအုံထိခိုက်ပျက်စီး မှုများကို    ထုတ်ပြန်ဖော်ပြထားခြင်းမရှိသေးပေ။

အဆိုပါ ငလျင်မှာ ကမ်ချပ်ကာနယ်မြေ၏  မြို့တော်  ပေထရိုပါဗလော့ဗ်စခ်-ကမ်ချပ် စကီးမှ   ၁၁၅      ကီလိုမီတာအကွာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငလျင်ပညာရှင်များက   အချက်အလက်များကို        စိစစ်နေဆဲဖြစ်ကြောင်းနှင့်   နောက်ထပ်ပြင်ဆင်ဖြည့်စွက်မှုများရှိလာနိုင်ကြောင်း သိရသည်။

TASS သတင်းဌာန၏ ဖော်ပြချက်အရ ငလျင်လှုပ်ခတ်ချိန်မှာ  တစ်မိနစ်ခန့်ကြာမြင့်ခဲ့ပြီး     ဒေသခံ များမှာ   အဆောက်အအုံများမှ  ဘေးလွတ်ရာသို့  ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း   သိရသည်။

ဇူလိုင် ၂၀ ရက် အစောပိုင်းတွင် အဆိုပါဒေသ၌ ငလျင်နှစ်ကြိမ် လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီး တစ်ကြိမ်မှာ ပြင်းအား  ၅  ဒသမ  ၃  အဆင့်ရှိပြီး နောက်တစ်ကြိမ်မှာ ပြင်းအား  ၆ ဒသမ ၅   အဆင့်ရှိကြောင်း   သိရသည်။                                                  

ဆင်ဟွာ