ရန်ကုန် ၁၈ ဖေဖော်ဝါရီ
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်-ရန်ကုန် ဗုဒ္ဓဘာသာအသင်း မိသားစုမှကြီးမှူး၍ ဆဋ္ဌမအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲကို ယနေ့ ညနေ ၃နာရီခွဲက အဆိုပါ တက္ကသိုလ် “လင်းရောင်ခြည်” ကွင်း၌ ကျင်းပရာ ဘွဲ့ကြို/ဘွဲ့လွန် ကျောင်းသား/ ကျောင်းသူများ ၊ အလုပ်သင်ဆရာဝန်များ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် အသင်းများအား ပါမောက္ခချုပ်နှင့်ဆရာ/ဆရာမများက ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
(မောင်လူမော်)


