မိတ္ထီလာ   ၉  စက်တင်ဘာ 

သာစည်မြို့နယ် ချောက်ခွဲကျေးရွာရှိ ရွှေစည်းခုံဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ချိတ်ဆွဲထားသည့် ကြေးပိဿာချိန် ၁၁၀ ကျော်ရှိ ကြေးခေါင်းလောင်းတစ်လုံး စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၈နာရီက ပျောက်ဆုံးနေကြောင်း သိရသည်။

သာစည်မြို့နယ် ချောက်ခွဲကျေးရွာရှိ ရွှေစည်းခုံဘုန်းတော်ကြီးကျောင်းမှ ခန်းနေ ဦးဇင်း ဦးဝိတ္တရနှင့် ချောက်ခွဲရွာကျေးရွာနေ ဦးသန်းမောင်၊ဦးသန်းနိုင်တို့မှ ကျောင်းဝန်းအတွင်းရှိ မြောက်ဘက်တွင် တည်ထား ကိုးကွယ်ထားရှိသော ရွှေစည်းခုံစေတီတော်အား လာရောက်ဖူးမျှော်စဉ် စေတီ၏ တောင်ဘက်ထောင့်၌ လွန်ခဲ့သော (၁၇)နှစ်က ချောက်ခွဲကျေးရွာနေ ဒေါ်အေးပုမှ လှူဒါန်းထားသော အမြင့်(၃)ပေ၊ အဆင်း(၂)ပေရှိ ကြေးပိဿာချိန် (၁၁၁ ဒဿမ ၂၅)ပိဿာရှိ ကြေးခေါင်းလောင်းတစ်လုံးပျောက်ဆုံးနေကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။

ထို့နောက် ဂေါပကအဖွဲ့ဝင်များက သွားရောက်ကြည့်ရှု့ခဲ့ပြီး ဟံဇားရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
 
သိန်းမြင့်ကျော်(မိတ္ထီလာ)