သာစည်  ၁၈  ဖေဖော်ဝါရီ 

 

မန္တလေးတိုင်းဒေသကြီးသာစည်မြို့နယ်တွင်  အခြေခံပညာအဋ္ဌမတန်းနှင့်စတုတ္ထတန်း  နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ ၁၈ ရက်နံနက် ၉ နာရီကမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌စတင်ဖြေဆိုရာ  အဋ္ဌမတန်းတွင်ဝင်ရောက်ဖြေဆိုသူ ၂၇၈၀ ဦးရှိပြီးစတုတ္ထတန်းတွင် ၃၉၇၆ ဦးရှိကြောင်း သိရသည်။

 

သာစည်မြို့နယ်တွင်  အခြေခံပညာအဋ္ဌမတန်းဖြေဆိုရန်စာရင်းရှိကျောင်းသား/သူ ၂၇၉၀ ဦး၌ဝင်ရောက်ဖြေဆိုသူ ၂၇၈၀ ဦးတို့ကစာစစ်ဌာန ၅၅ ခုတွင်လည်းကောင်း၊အခြေခံပညာစတုတ္ထတန်းဖြေဆိုရန်စာရင်းရှိကျောင်းသား/သူ  ၃၉၈၉ ဦး၌ဝင်ရောက်ဖြေဆိုသူ ၃၉၇၆ ဦးတို့ကစာစစ်ဌာန ၂၁၁ ခုတို့တွင်လည်းကောင်းဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။    

 
                                                                                   
ထွန်းထွန်း(သာစည်)