မတ္တရာ  ၉   နိုဝင်ဘာ

 

ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် သရက္ကန်(မြောက်)ကျေးရွာအုပ်စု မင်းကန်ကျေးရွာတွင် နိုဝင်ဘာ ၈ ရက်နေ့ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၈ ရက် ၅ နာရီ ၄၅ မိနစ်အချိန်က မတ္တရာမြို့မစခန်းမှ အမျိုးသား တစ်ဦးဓာတ်လိုက်သေဆုံးနေကြောင်း သတင်းရရှိသဖြင့် ဒုရဲမှူးပြေဦးနှင့် အဖွဲ့မှ အခင်းဖြစ် နေရာသို့သွားရောက် စစ်ဆေးရာ ဦးစိုးဦး(၄၇)နှစ်မှာ နိုဝင်ဘာ ၁၁ ရက်နေ့တွင် မင်္ဂလာဆောင်မည့် သားဖြစ်သူ၏ မင်္ဂလာဆောင်အတွက် ဟင်းချက်သည့်နေရာတွင် မီးကြိုးသွယ်တန်းနေစဉ် ဓာတ်လိုက်ပြီး လက်မောင်းညိုမဲဒဏ်ရာ၊ ဝဲလက်ဝါးပေါက်(၃)ချက် ဒဏ်ရာ၊ အခြားပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ သေဆုံးနေသည်ကို တွေ့ရသဖြင့် သေဆုံးသူ အလောင်းအား မတ္တရာပြည်သူ့ဆေးရုံသို့ ရဲဆေးစာဖြင့် ပေးပို့ခဲ့ သည်။

 

ဖြစ်စဉ်တွင် ဉီးစိုးဦးသေဆုံးရခြင်းအပေါ် မတ္တရာမြို့မစခန်းမှ သေမှုသေခင်း အမှတ်စဉ်အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)