သာယာဝတီ   အောက်တိုဘာ   ၂၃

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်အတွင်းရှိ သမဝါယမ ကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော သမဝါယမအသင်းသားတောင်သူ ဦးနောင်နောင်၏ မိုးစပါးသီးနှံ အောင်နိုင်တိုး မျိုးစပါးရိတ်သိမ်းမှု အခြေအနေကို သာယာဝတီမြို့နယ် သမဝါယမ ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သာယာဝတီမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် အသင်းငါးသင်း၊ အသင်းသား တောင်သူ ၂၃ ဦး၏  မိုးစပါးသီးနှံစိုက်ပျိုးဧက ၂၀၀၀ အနက် တောင်ပန်းဆွဲကျေးရွာရှိ ပုလဲသွယ်(၁)စိုက်ပျိုးရေးနှင့် အထွေထွေ လုပ်ငန်းသမဝါယမအသင်းမှ   တောင်သူ ဦးနောင်နောင်၏ အောင်နိုင်တိုး (YSR-1)စပါး ဧက ၂၀ ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် အထွက်နှုန်း တင်း ၁၂၀ ထွက်ရှိခဲ့ကြောင်းနှင့် တာဝန်ရှိသူများက အခြားလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                                 

 

သတင်းစဉ်