၂၁ အောက်တိုဘာ
သြစတြေးလျနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ကမ်ပိန်းအဖြစ် ဒီကနေ့ (တနင်္လာနေ့) ထုတ် သတင်းစာတွေရဲ့ မျက်နှာဖုံးမှာ အနက်ရောင်သုတ်ပြီး အပေါ်ဘက် ဘေးဘက်ခြမ်းမှာ လျှို့ဝှက်ဆိုတဲ့ တံဆိပ်တုံးပါ စာလုံးကို အနီရောင်ဖြင့် ရေးသားထားပါတယ်။
သြစတြေးလျနိုင်ငံမှာ ထုတ်ဝေတဲ့ သတင်းစာများ ဆိုရာတွင် ဒေသတွင်းမှာ ထုတ်ဝေတဲ့ သတင်းစာတွေဖြစ်တဲ့ The Australian၊ The Sydney Morning Herald နဲ့ the Australian Financial Review သတင်းစာတွေ အပါအဝင် နိုင်ငံတစ်ဝန်း ဖြန့်ချိတဲ့ သတင်းစာတွေပါ ပါဝင်ကြောင်း သိရပါတယ်။
ရုပ်မြင်သံကြားတွေမှာတော့ အစိုးရတွေက အမှန်တရားကို လူထုမသိအောင် ဖုံးကွယ်ချင်ရင် သူတို့က ဘာနဲ့ဖုံးအပ်သလဲ ဆိုတဲ့ မေးခွန်းတွေကို ပရိတ်သတ်တွေကို မေးခွန်းထုတ်တဲ့ စာသားဖော်ပြပါတယ်။
ဒီနှစ်အတွင်းမှာ ထုတ်ဝေခဲ့တဲ့ သတင်းနှစ်ပုဒ်ကြောင့် သြစတြေးလျ အမျိုးသားသတင်းဌာနချုပ် (ABC)နဲ့ သတင်းသမားတစ်ဦးရဲ့အိမ်ကို ပြည်ထောင်စုရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းရှာဖွေခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင်ခဲ့တဲ့အတွက် သတင်းအချက်အလက် သိပိုင်ခွင့်ရှိကြောင်း ကမ်ပိန်းအဖြစ် အခုလို လုပ်ဆောင်ခြင်းပါတယ်။ ထုတ်ဝေခဲ့တဲ့ သတင်းနှစ်ပုဒ်ဟာ အစိုးရကို အရှက်ရစေကြောင်း သိရပါတယ်။
သြစတြေးလျ ဝန်ကြီးစကော့ မော်ရစ်ဆင်က သူ့အစိုးရအဖွဲ့ အနေနဲ့ သတင်းလွတ်လပ်ကို ယုံပါတယ်။ ဒါပေမယ့် သတင်းသမားတွေက ဥပဒေအပြင်မှာတော့ မရှိရဘူး။ သြစတြေးလျရဲ့ ဒီမိုကရေစီမှာ သတင်းလွတ်လပ်ခွင့်က အရေးကြီးပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ရော၊ သတင်းသမားတွေရော၊ လူတိုင်းက ဥပဒေအောက်မှာဘဲ ရှိနေရမယ်လို့ ပြောပါတယ်။
ABC သတင်းဌာနရဲ့ မန်နေဂျင်း ဒါရိုက်တာ ဒေးဗစ် အန်ဒါဆင် က သြစတြေးလျနိုင်ငံဟာ ကမ္ဘာပေါ်မှာ အလျှို့ဝှက်ဆုံး ဒီမိုကရေစီ နိုင်ငံဖြစ်လာမှာကို စိုးရိမ်ရပါတယ်လို့ ဆိုပါတယ်။
ပြည်ထောင်စု ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းရှာဖွေမှုနဲ့ ပတ်သတ်ပြီး သတင်းသမား သုံးဦးကို တရားစွဲ ခံရနိုင်ကြောင်း အစိုးရက မနေ့က ပြောပါတယ်။
MDN
ကိုးကား - AFP


