၄ ဩဂုတ်

 

 

လွန်ခဲ့သော တစ်နှစ်က လတ်တီနို့စ် အပါအဝင် ပစ်ခတ်မှု တစ်ခုအတွင်း သေဆုံးခဲ့ရသူများအား အမှတ်ရသည့် အခမ်းအနား တစ်ခုအား  အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။

 

 

၂၀၁၉ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် အယ်ပါဆိုမြို့ရှိ စတိုးဆိုင် တစ်ခုတွင် လူဖြူတစ်ဉီးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ မက်ဆီကိုလူမျိုး ရှစ်ဦး အပါအဝင် လူ ၂၃ ဉီး သေဆုံးခဲ့သည်။

 

 

နယူးယောက်မြို့နှင့် ချီကာဂိုကဲ့သို့သော မြို့ကြီးများတွင်  သေနတ် ပစ်ခတ်မှုများမှာ လွန်ခဲ့သော နှစ်ကထက် ပိုမိုများပြားလာခဲ့သည်။

 

 

ရီဗက်ပလီကင် နိုင်ငံရေးသမားများကို ထောက်ခံသည့် အမျိုးသားရိုင်ဖယ် အသင်း၏ ကန့်ကွက်မှုကြောင့် အမေရိကန်နိုင်ငံ၌ တင်းကျပ်သော သေနတ် ထိန်းချုပ်ရေး အစီအမံများ စတင်မည့် ကြိုးပမ်းမှုများကို အချိန်ဆွဲခဲ့သည်။

 

 

အဆိုပါ ဥပဒေပြဌာန်းမည့် လုပ်ဆောင်ချက်များ သမ္မတ ဒေါ်နယ်ထရမ့်က မကြိုးပမ်းခဲ့ပေ။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်