ကိုလံဘို  အောက်တိုဘာ  ၁

သီရိလင်္ကာနိုင်ငံ၏   မြောက်အလယ်ပိုင်းပြည်နယ်တစ်ခုတွင်   ကျောင်းသား  ကျောင်းသူ  ၄၅  ဦးခန့်   အစာအဆိပ်သင့်မှု ခံစားရပြီးနောက်  အောက်တိုဘာ  ၁  ရက်က  ဆေးရုံသို့  ပို့ဆောင်လိုက်ရကြောင်း သိရသည်။

ယင်းနေ့အစောပိုင်းက ကျင်းပပြုလုပ်ခဲ့သော ကလေးများနေ့ အစီအစဉ်တွင်  ကျွေးမွေးသောအစားအစာကို စားပြီးနောက် ထိုသို့အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲဘက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူ အက်ဖ်ယူဝုတ်လာက ပြောသည်။

မိဘများသည် ၎င်းတို့၏ကလေးများကို ဆေးကုသမှုခံယူရန် ဒေသဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့သည်ဟု   ဝုတ်လာက   ပြောသည်။ ကျောင်းသား အများစုမှာ ဆေးကုသမှု ဆက်လက်ခံယူနေဆဲ ဖြစ်ကြောင်းနှင့် တခြားကျောင်းသား ကျောင်းသူများမှာ ဆေးရုံမှ ဆင်းလာကြပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ဒေသရဲတပ်ဖွဲ့ဝင်များက အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး  စုံစမ်းစစ်ဆေးလျက်ရှိသည်။

ဆင်ဟွာ