အောက်တိုဘာ ၃
သီရိလင်္ကာနိုင်ငံတွင် အရက်သောက်သုံးမှုနှင့်ဆက်စပ်သည့် အကြောင်းရင်းများကြောင့် နှစ်စဉ်သေဆုံးသူ ၂၂၀၀၀ ခန့်ရှိကြောင်း ဆေးလိပ်နှင့်အရက်ဆိုင်ရာအမျိုးသားအာဏာပိုင်အဖွဲ့က ယနေ့တွင် ပြောကြားသည်။
ကမ္ဘာအရက်သေစာရှောင်ခြင်းနေ့ အထိမ်းအမှတ်အဖြစ် သတင်းထောက်များနှင့်ပြောကြားရာတွင် နိုင်ငံအတွင်း အရက်သောက်သုံးမှုသည် သိသာထင်ရှားသော ပြည်သူ့ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှိနေသည်ဟု ဆေးလိပ်နှင့်အရက်ဆိုင်ရာ အမျိုးသားအာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ အာနန္ဒာရသ်နာယာကာက သတိပေးပြောကြားခဲ့သည်။
ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ မြှင့်တင်ရန်နှင့် အရက်သောက်သုံးမှုအန္တရာယ်များအကြောင်း အသိပညာပေးရန် ရည်ရွယ်သည့် World Temperance Day အစီအစဉ်များကို နိုင်ငံတစ်ဝန်းတွင် ဆက်တိုက်ကျင်းပလျက်ရှိသည်။ လိုက်နာသည့်တစ်စိတ်တစ်ပိုင်းအနေဖြင့် နိုင်ငံတစ်ဝန်းရှိ အရက်ဆိုင်များအားလုံး ယနေ့တွင် ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


