ကိုလံဘို နိုဝင်ဘာ ၂၆

 

သီရိလင်္ကာနိုင်ငံတစ်ဝန်း လွန်ခဲ့သော သီတင်းပတ်ကတည်းက လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ လူ ၁၄ ဦးသေဆုံးခဲ့ပြီး တစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း သဘာဝဘေး ဒုက္ခစီမံခန့်ခွဲရေးစင်တာ (ဒီအမ်စီ) က ပြောသည်။

 

ဒီအမ်စီ၏ နောက်ဆုံးကိန်း ဂဏန်းများအရ ဆိုးရွားလှသော ရာသီဥတု အခြေအနေကြောင့် ဒေသကိုးခုရှိ မိသားစုဝင်ပေါင်း ၁၀၀၀၀၀ ကျော် ဘေးဒုက္ခရောက်ခဲ့ကြောင်းနှင့် လူပေါင်း ၁၁၄ ဦးမှာ ဘေးကင်းရာသို့ ပြောင်းရွှေ့ခဲ့ရပြီး ၂၂ ဦးမှာ ဒဏ်ရာများရရှိခဲ့သည်။

 

သီရိလင်္ကာ မိုးလေဝသဌာနက နိုဝင်ဘာ ၂၅ ရက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးရေချိန်လက်မ ၁၀၀ အထက် ရောက်ရှိနိုင်သော ဒေသ ၁၉ ခု အတွက် အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း ပြောသည်။

 

သီရိလင်္ကာ အရှေ့တောင်ပိုင်းတွင် လေထုဖိအား လျော့နည်းနေသောကြောင့် မိုးလေဝသဌာနက အနီရောင် သတိပေးချက်  ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ။

 

လာမည့် ၂၄ နာရီအတွင်း မိုးလေဝသအခြေအနေမှာ ပိုပိုဆိုး လာနိုင်သော်လည်း လေဖိအား လျော့နည်းမှုများသည် အနောက်မြောက်စူးစူးသို့ ရွေ့လျားသွားနိုင်ကြောင်း ခန့်မှန်းထားသည်။

 

အနိမ့်ပိုင်းဒေသတွင် နေထိုင် သူများကို ဘေးကင်းရာသို့ပြောင်း ရွှေ့ရန် အကြံပေးထားသည်။

ဆင်ဟွာ