ကိုလံဘို     အောက်တိုဘာ      ၆

 

သီရိလင်္ကာနိုင်ငံတွင် စာပို့လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ရန်ပုံငွေ ရူပီး ၂ ဒသမ ၀၈ ဘီလီ(ကန်ဒေါ်လာ ခုနစ်သန်း) သုံးစွဲမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် လူထုမီဒီယာဆိုင်ရာဝန်ကြီး ဒေါက်တာ နာလင်ဒါဂျာယာတစ်ဆာက  အောက်တိုဘာ ၆ ရက်တွင်   ပြောကြားသည်။    စာပို့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ရန်ဒေသခံ ၇၃၁ ဦးကို စုဆောင်းထားကြောင်းနှင့် ၎င်းရန်ပုံငွေကို စာပို့လုပ်ငန်းဆိုင်ရာ အဆောက်အအုံများ        အဆင့်မြှင့်တင်ခြင်းနှင့် နည်းပညာများ မိတ်ဆက်သုံးစွဲရာတွင် အသုံးပြုမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

 

စာပို့လုပ်ငန်း      ဆောင်ရွက်ရေးအတွက် ထရပ်ကားများ၊   ကွန်ပျူတာများဝယ်ယူရန်   ရူပီး  သန်း ၂၀၀ သုံးစွဲမည် ဖြစ်ပြီး ရူပီး သန်း ၆၀၀ ကို စာပို့လုပ်ငန်းအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများတွင် သုံးစွဲမည်ဖြစ်သည်။  ဒေသခံ  ၃၀၀၀ ကိုလည်း စာပို့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ရန် ထပ်မံစုဆောင်းမည်ဟု သိရသည်။ သီရိလင်္ကာ နိုင်ငံသည် စာတိုက်ကြေးနန်း ဆက်သွယ်ရေးလုပ်ငန်းများ အဆင့်မြှင့်တင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည်။    

           

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ