နေပြည်တော် ၁၈ မတ်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ၏ ၁၃၈၀ ခုနှစ်-တပေါင်းလပြည့်နေ့(မတ်-၂၀ ရက်) နေ့တွင် ကျရောက်မည့် (သက်တော်-၈၂ နှစ်) ပြည့် ဝိဇာတပူဇာမွေးနေ့မင်္ဂလာ (အကြို)ကို ယနေ့ တွင် ပထမနေ့ အလှူတော်အဖြစ် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အဆိုပါ သီတဂူဆရာတော်၏ (သက်တော်-၈၂ နှစ်)ပြည့် ဝိဇာတပူဇာမွေးနေ့ မင်္ဂလာ (အကြို) အလှူတော်တွင် စစ်ကိုင်းတောင်မှ သီလရှင်အပါး (၁၀ဝ၀) တို့အား ဆွမ်း စသော ဒါတဗ္ဗဝတ္ထု အစုစုတို့ကို လောင်းလှူခဲ့ကြောင်း သိရသည်။
မောင်လူမော်၊ ဓာတ်ပုံ-သီတဂူအောင်သန်းဝင်း


