၉ အောက်တိုဘာ

 

အမေရိကန်သမ္မတဟောင်း ဂျော့ ဒဘလျူ ဘုချ် က သူ့လက်ထက်မှာ စစ်ပွဲတွေဆီကို စေလွှတ်ခြင်းခံခဲ့ရတဲ့ အမေရိကန်စစ်ပြန်တွေရဲ့ ပုံတူပန်းချီကို ရေးဆွဲပြီး "Portraits of Courage" "သတ္တိရှင်တို့ ရုပ်ပုံလွှာ" ဆိုပြီး အမည်ပေးထားတဲ့ ပန်းချီပြပွဲကို ဝါရှင်တန် ဒီ စီ ရှိ ကနေဒီ စင်တာမှာ ပြသထားပါတယ်။

 

အဲဒီပန်းချီပြပွဲမှာ ခြေတုတပ်ထားတဲ့ စစ်ပြန်တွေ ဂေါ့ဖ်ရိုက်နေတဲ့ပုံ၊ မျက်လုံးတစ်လုံးဆုံးရှုံးသွားတဲ့ စစ်ပြန်ပုံ စတဲ့ စစ်ပြန်တွေရဲ့ ပုံရိပ်လွှာပေါင်း ၆၆ ခုကို စုစည်းပြသထားတာကို တွေ့ရပါတယ်။ 

 

1

 

၂၀ဝ၁ ခု စက်တင်ဘာ ၁၁ ရက်နေ့မှာ အာဖဂန်နိုင်ငံကို အမေရိကန်စစ်တပ်အား သမ္မတဟောင်း ဘုချ် အမိန်နဲ့ စေလွှတ်ခဲ့ပါတယ်။ တစ်ခါ ၂၀ဝ၃ ခုနှစ်မှာလည်း အီရတ်နိုင်ငံကို စေလွှတ်ခဲ့ပါသေးတယ်။

 

အီရတ်စစ်ပွဲအတွင်းမှာ အမေရိကန် စစ်သား ၃,၅၀ဝ ကျော် သေဆုံးခဲ့ပြီး ၃၂,ဝ၀ဝ ဟာ ဒဏ်ရာရရှိခဲ့ပါတယ်။

 

1

 

လာမယ့် တနင်္လာနေ့ဆိုရင် အာဖဂန်စစ်ပွဲဟာ ၁၈ နှစ်ပြည့်ပြီဖြစ်ပြီး အာဖဂန်စစ်ပွဲအတွင်းမှာ စစ်သား ၂,ဝ၀ဝဦး သေဆုံးပြီး ၂၀,၅၀ဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း မှတ်တမ်းတွေအရ သိရပါတယ်။

 

အခုပြသထားတဲ့ စစ်ပြန်တွေရဲ့ ပုံတူကို ဘုချ် သမ္မတတာဝန်ကနေ အနားယူခဲ့ ၂၀ဝ၉ ခုနှစ် နောက်ပိုင်းက စပြီး ရေးဆွဲခဲ့တယ်လို့ သိရပါတယ်။

 

1

 

သမ္မတဟောင်းက  နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ အမျိုးသား၊ အမျိုးသမီးတွေကို ဂုဏ်ပြုချင်တဲ့အတွက် ရေးဆွဲတာဖြစ်သလို ဒီလူတွေရဲ့ စွန့်လွှတ်မှုနဲ့ စွမ်းရည်သတ္တိကို လေးစားတဲ့ အတွက် ဖြစ်တယ်လို့ ပြောပါတယ်။

 

MDN

ကိုးကား - AFP

 

1