ပုသိမ် အောက်တိုဘာ ၂၁
သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(ပုသိမ်) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် နေ့လယ်စာမိတ်ဆုံစားပွဲ အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် သမဝါယမဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာ သင်တန်းပထမနှစ်တက်ရောက်ပြီး အောင်မြင်သည့် ဂုဏ်ထူးရသင်တန်းသား သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၄၇ ဒသမ ၁၈ သိန်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။
မေချို


