ရန်ကုန် အောက်တိုဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ကံ့ကော်ရောင်းဝယ်ရေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ၁၆/၃ ရပ်ကွက် သုဒဿနလမ်းဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ အသင်းဥက္ကဋ္ဌဖြစ်သူ ဦးကျော်ခိုင်မြင့်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အသင်းအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်စိုးက သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေနှင့် သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ရမည့်အချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ၊ အသင်းစာရင်းစစ် အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းများကို ရှင်းလင်း၍ အသင်းသားများက သဘောတူအတည်ပြုခဲ့ကြပြီး အသင်းသားများသို့ အစုအပေါ်အမြတ်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်း(ပြန်/ဆက်)


