သန်လျင်၊ ကလောနှင့် နောင်ချိုမြို့နယ်တို့တွင် မူယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် မေ ၁၆ 

မေ ၁၅ ရက် မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက်၊ နှင်းဆီလမ်းနေ ဇော်ဝင်းကို ၏ နေအိမ်သို့ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,၀၀၀ ကိုလည်းကောင်း။

မေ ၁၃ ရက်  ညနေ ၅ နာရီတွင် ကလောမြို့နယ်၊ နန်းနိုင်ကျေးရွာအုပ်စု၊ ညောင်ပင်ကုန်းကျေးရွာနေ ထွန်းရီ ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ  ပြား ၅,၈၀၀ ၊ ဘိန်းစိမ်း ၇ ဒသမ ၂ ကီလိုနှင့် ဆေးခြောက် ၃ ဒသမ ၅ ကီလိုတို့ကိုလည်းကောင်း။

မေ ၁၄ ရက် မွန်းလွဲ ၃ နာရီခွဲတွင် နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ အိုရီယမ် တယ်တိုးဂိတ်အနီးတွင် Nissan AD Van အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ် ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး (Happy Water)  ၄ ဒသမ ၅ ကီလို သိမ်းဆည်း ရမိခဲ့ကြောင်း၊ အလားတူ မေ ၁၄ ရက် ညနေ ၄ နာရီတွင် နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ အိုရီယမ်တယ် တိုးဂိတ်အနီးတွင် စိုင်းလုံ မောင်းနှင်ပြီး မကျိုမ်ငင်း(ခ)နန်းခင်ညွန့် လိုက်ပါလာသည့်မော်တော်ဆိုင် ကယ် ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၂,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရ မိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား