သံဖြူဇရပ် ဒီဇင်ဘာ ၂

 

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးခိုင်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပေးအပ်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက ကျိုက္ခမီမြို့ မြို့လယ်ဓမ္မာရုံ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အမှာစကားပြောကြားပြီး ကျိုက္ခမီမြို့ပေါ် (၆)ရပ်ကွက်နှင့် မြမာလာကျေးရွာရှိ ပြည်သူစုစုပေါင်း ၁၂၄ ဦးအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက နိုင်ငံသားစိစစ်ရေး ကတ်နှင့် UID ကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)