သံတောင်ကြီး ၁၁ မတ်
ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ် စီပင်ကလေးကျေးရွာအုပ်စု မိုင်(၂၀)ကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက တောင်သူများ ကော်ဖီသီးနှံ တိုးချဲ့စိုက်ပျိုးလာစေရန်နှင့် အခြားဝင်ငွေရ သီးနှံများ စိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ ကော်ဖီတိုးချဲ့စိုက်ပျိုးရေး ပညာပေးဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ (လ/ထ ဦးစီးမှူး) ဦးစောပီတာမြမှ ကော်ဖီစိုက်ပျိုးရာတွင် လိုက်နာသင့်သော နည်းလမ်းများ ပြုစုထိန်းသိမ်းနည်းများကို ရှင်းလင်းပြောကြားခဲ့ပြီး (လ/ထ ဦးစီးမှူး) ဦးကျော်သူမှ မြေဆီလွှာအာဟာရဆိုင်ရာ အခြေခံအကြောင်းအရာများကို ပြောကြားခဲ့သည်။ ထို့နောက် (ဒု-လ/ထဦးစီးမှူး) ဦးမြတ်ထွန်းမှ ဒေသတွင်း အခြားဝင်ငွေရ သီးနှံများဖြစ်သော ရော်ဘာ၊ ကွမ်းသီး စတင်စိုက်ပျိုးရာမှ ခူးဆွတ်ရိတ်သိမ်းသည်အထိ အဆင့်ဆင့် လိုက်နာသင့်သော အကြောင်းအရာများကို ပြောကြားခဲ့ကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။
MDN


