နေပြည်တော် ၂၄ နိုဝင်ဘာ
မူးယစ်တပ်ဖွဲ့စု(၁၆) ပြင်ဦးလွင်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက သပိတ်ကျင်းမြို့နယ် တောင်လယ်ကျေးရွာအနီး မိုးမိတ်-တွင်းငယ် သွားကားလမ်းတွင် မျိုးမင်းကို မောင်းနှင်ပြီး ဒေါ်စန်း လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၄၀၀၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိ ခဲ့သည်။
အလားတူ ယင်းနေ့ ညပိုင်းတွင် ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့ အမှတ်(၅)ရပ်ကွက်ရှိ နောင်ဖာရဲကင်းရှေ့တွင် ယောဟန် မောင်းနှင်ပြီး မလုတိ လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား


