အထက်မင်းလှ ၂၉ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်ဘက်မှ သရက်မြို့နယ်ဘက်သို့ မောင်းနှင် လာသည့် ခရီးသည်တင် မော်တော်ယာဉ်တစ်စီးသည် ယနေ့နံနက်၄ နာရီ(၁၅)မိနစ်ခန့်က သရက်-မင်းလှကားလမ်းရှိ မိုင်တိုင်အမှတ် (၄၆)နှင့်(၄၇)အကြားတွင် တိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မင်းလှမြို့နယ်ဘက်မှ သရက်မြို့နယ်ဘက်သို့ ကိုထွန်းနိုင်(ခ)ကိုထွန်းမောင်းနှင်ပြီး ယာဉ်နောက် လိုက် ကိုကျော်သူနှင့် ခရီးသည်(၃)ဦးစီနင်းလိုက်ပါသည့် အောင်လံမိုး ခရီးသည်တင် မော်တော်ယာဉ်သည် သရက်-မင်းလှ ကားလမ်းမိုင်တိုင် အမှတ်(၄၆) နှင့် (၄၇)ကြား ဂျုန်းဂျုန်းကျ တံတားကုန်းတက်အရောက်၌ ကလပ်ချော်၍ မော်တော်ယာဉ်မှာ နောက်ပြန်လိမ့်ကျကာ လမ်း၏ဝဲဘက် အနက်(၅)ပေခန့်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ထိုသို့ မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့်မော်တော်ယာဉ်ပေါ်တွင်ပါ လာသည့်သူများထိ ခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)


