နေပြည်တော် နိုဝင်ဘာ ၁၇

 

နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန်ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်း သင်တန်းများ တက်ရောက်ကာ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးသို့ သွားရောက်၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာ ထမ်းဆောင်လျက်ရှိသည်။

 

ထိုသို့ တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်သူ့စစ်မှုထမ်းစစ်သည်များ အနက်မှ သုံးပုံတစ်ပုံ လျှော့ပေါ့ခွင့်ရရှိသည့် သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်အောင် တာဝန်ထမ်းပြီးသူများအား ပြည်သူ့စစ်မှု ထမ်းဆောင်ပြီးကြောင်း လက်မှတ်ထုတ်ပေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်မှုထမ်းဆောင်ပြီးသည့် စစ်သည်များ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သတ်မှတ်စစ်မှုထမ်း ကာလပြည့်မြောက်အောင် တာဝန်ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်း များအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။

 

ထို့ပြင် ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများအား အလုပ်အကိုင်ရရှိရေး ၎င်းတို့ဆန္ဒပြုသော အလုပ်အကိုင်များကို သတ်မှတ်ချက်များနှင့်အညီ ခန့်အပ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်တွင်း/ ပြည်ပ အလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေးလုပ်ငန်း ကော်မတီနှင့်ချိတ်ဆက်၍ လိုအပ်သည်များ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်