၆ နိုဝင်ဘာ
ကမ္ဘာတဝန်းရှိ အစိုးရတွေဟာ ဆိုရှယ်မီဒီယာကို အသုံးချပြီး ရွေးကောက်ပွဲတွေနဲ့ နိုင်ငံသားတွေကို စောင့်ကြည့်ခြင်းတွေဟာ ဒီမိုကရေစီအတွက် စိုးရိမ်စရာဖြစ်လာတယ်လို့ လူအခွင့်ရေးစောင့်ကြည့်ရေး Freedom House အဖွဲ့က အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။
လူအခွင့်ရေးစောင့်ကြည့်ရေး Freedom House အဖွဲ့က နိုင်ငံပေါင်း ၆၅ နိုင်ငံအနက် အနည်းဆုံး နိုင်ငံ ၄၀ မှာ ဆိုရှယ်မီဒီယာ စောင့်ကြည့်အစီအစဉ်ကနေ သက်သေခံအချက်အလက်များ တွေ့ရှိကြောင်း ပြောပါတယ်။

ထုတ်ပြန်ချက်မှာ နိုင်ငံတချို့ရဲ့ တာဝန်ရှိသူတွေ အင်တာနက်ဆက်သွယ်မှုကို ဖြတ်တောက်ထားစဉ် တချို့ကတော့ သတင်းအချက်အလက်တွေကို ပုံဖျက်ဖို့ ဝါဒဖြန့်ချီရေးအဖွဲ့တွေကို ငှားရမ်းအသုံးပြုနေပါတယ်။ အခုဖြစ်စဉ် ဖြစ်ပျက်နေတာဟာ ကိုးနှစ် ဆက်တိုက်ရှိပြီဖြစ်ပါတယ်လို့ ရေးသားထားပါတယ်။
အစိုးရတော်တော်များများက ဆိုရှယ်မီဒီယာကို ဆင်ဆာဖြတ်တောက်ခြင်းထက် ဝါဒဖြန့်ချီရေးအတွက် ပိုပြီး သုံးစွဲတာကိုတွေ့ရကြောင်း၊ ကမ္ဘာတစ်ဝန်းက အာဏာရှင်တွေနဲ့ လူကြိုက်များအောင်လုပ်ဆောင်တဲ့ နိုင်ငံရေးသမားတွေဟာ ကွန်ပြူတာနဲ့ လူသားတွေရဲ့ သဘာဝတရားတွေ ဆင့်ကဲအသုံးပြုပြီး မဲပေးရာအထိ အကျိုးအမြတ် ထုတ်သွားတာကို တွေ့ရကြောင်း Freedom House အဖွဲ့ဥက္ကဋ္ဌ မိုက် အာမိုဝတ်တီ က ပြောပါတယ်။

နိုင်ငံပေါင်း ၆၅ နိုင်ငံထဲက ၄၇ နိုင်ငံဟာ နိုင်ငံရေး၊ လူမှုရေး (သို့မဟုတ်) ဘာသာရေးတွေကို အွန်လိုင်းကနေ ပြောတဲ့သူတွေကို ဖမ်းဆီးကြောင်း၊ အနည်းဆုံး ၃၁ နိုင်ငံကတော့ အွန်လိုင်းမှာ ရေးသားခြင်းပြုသူများကို ကိုယ်ထိလက်ရောက် ရိုက်နှက်တာမျိုးအထိ လုပ်ဆောင်ကြောင်း သုတေသနပြုလုပ်သူတွေ က ပြောပါတယ်။
နိုင်ငံပေါင်း ၆၅ နိုင်ငံမှာ အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှာ အွန်လိုင်းလွတ်လပ်မှု ကျဆင်း လာကြောင်း လေ့လာတွေ့ရှိရပါတယ်။
MDN
ကိုးကား - AFP



