ရန်ကုန် ၁၂  မတ် 

 

သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ (၄၇)ပါးစုံညီ ဧကူနဝီသတိမ အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။ 

 

1

 

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိ်ုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးများကြွရောက်တော်မူကြပြီး  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊  ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့်   ဦးမိုးဇော် ရွှေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းညွန့်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ) ဦးစိုးမင်းထွန်းနှင့် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ တက်ရောက်ကြည်ညိုကြသည်။

 

2

 

အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် က ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော် ဆောင်ဆရာတော်   အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တနန္ဒသာရက ဆောင်ရွက်တော်မူသည်။

 

အစည်းအဝေးတွင် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ပထမ အဖွဲ့ခွဲ)၏ ဆဋ္ဌအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်များအနက် သာသနာ့ရေးရာ၊ ဝိနိစ္ဆယရေးရာ၊  ပညာရေးရာဆောင်ရွက်ချက်များအပေါ် အဖွဲ့ဝင် ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေး ဆုံးဖြတ်တော်မူကြသည်။ 

 

ထို့နောက် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ပထမအဖွဲ့ခွဲ) ၏ ဆဋ္ဌအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာ၊ ဝေဖန် ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ အဖွဲ့ဝင်ဆရာတော်ကြီးများက ပြန်လည် ရှင်းလင်း လျှောက်ထားတော်မူကြပြီး ဆဋ္ဌအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာကို တွဲဖက်အကျိုးတော်ဆောင် ဆရာတော်က အတည်ပြုချက်ရယူ၍ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများက ဇယန္တော ဗောဓိယာ မူလေ အစချီသော နှစ်ဂါထာကို သုံးကြိမ်ရွတ်ဆိုတော်မူပြီး သာဓု သုံးကြိမ် ခေါ်ဆိုကာ သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါး စုံညီ ဧကူနဝီသတိမ အစည်းအဝေးကို မွန်းလွဲပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

 

ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် နိုင်ငံတော်သံဃမဟာ နာယကဆရာတော်ကြီးများအား အရုဏ်ဆွမ်းကို ဦးရန်မျိုးအောင်၊ ဇနီး ဒေါ်မေဖြူစင် မိသားစု၊ နေ့ဆွမ်းကို ကျိုက္ကစံဝေဠုဝန်(ရွှေကျင်)ကျောင်းတိုက် ဆရာတော် သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တမာနိတနှင့် တပည့်ဒါယကာ ဒါယိကာမများက ဆဗ္ဗီသတိမ (၂၆) ကြိမ်မြောက် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

(သတင်းစဉ်)