သုံးခွ      ဒီဇင်ဘာ      ၈

 

ရန်ကုန်တိုင်းဒေသကြီး    သုံးခွမြို့နယ်တွင်   မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ “ဒို့အတူတူမဲပေးကြမယ် ရွေးကောက်ပွဲမှသည် ပိုမို ကောင်းမွန်သော အနာဂတ်ဆီသို့”စာသားပါ လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများကို လူစည်ကားရာနေရာများ၌ ဒီဇင်ဘာ ၇ ရက် နံနက် ပိုင်းက ဖြန့်ဝေခြင်းနှင့် စိုက်ထူခြင်းများ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့    ဆောင်ရွက်ရာတွင်   သုံးခွမြို့ဝင်/ထွက်ဂိတ်၊    မြို့မဈေး၊ အထကကျောင်းများတွင် ဖြန့်ဝေခဲ့ကြပြီး  ဗီနိုင်းပိုစတာများကို အမှတ်(၁) ရပ်ကွက် မင်းရဲကျော်စွာလမ်း(အစိုးရကန်ပေါင်ရှေ့)တွင်လည်းကောင်း၊  အမှတ်(၂)ရပ်ကွက် မြနန္ဒာလမ်းနှင့် တပင်ရွှေထီး လမ်းထောင့်နေရာတွင် လည်းကောင်း၊  အမှတ်(၄)ရပ်ကွက် အောင်ဇေယျာလမ်းမကြီးပေါ်တွင် လည်းကောင်း၊ အမှတ်(၇)ရပ်ကွက် အိဿယျ ကျေးရွာအုပ်စုအထွက် လမ်းထိပ်နေရာတွင်လည်းကောင်း၊ အမှတ်(၃)ရပ်ကွက်နှင့် အနော်ရထာ လမ်း (ရေစက်ကန်ထိပ်)တို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

 

စည်သူလင်း(ပြန်/ဆက်)