ရန်ကုန် အောက်တိုဘာ ၃၀

 

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် ဓာတုဓာတ်ကြွင်းကင်းစင်သော ပဲတီစိမ်းသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် စီစဉ်ကျင်းပသည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) သင်တန်းကို အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းက လေးကျွန်းမာရ်အောင် စေတီတော်ဝင်းအတွင်းရှိ ဇမ္ဗူဒီပဓမ္မဗိမာန်တော်၌ ပြုလုပ်သည်။

 

ရှင်းလင်းတင်ပြ

ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်လင်းဟန်က အမှာစကားပြောကြားပြီး GAP စနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ ဦးစည်သူထွန်းက ကုမ္ပဏီများအနေဖြင့် ဆောင်ရွက် ပြီးစီးသည့် လုပ်ငန်းစဉ်များ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ကုမ္ပဏီများကိုယ်စား ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ဘာသာရပ်အလိုက် ကျွမ်းကျင်သည့် စိုက်ပျိုးရေး ပညာရှင်များက GAP စနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်ခြင်း၊ မြေဆီလွှာစီမံခန့်ခွဲခြင်းနည်းစနစ်များကို သင်တန်းပို့ချသည်။

 

အဆိုပါသင်တန်းကို နှစ်ရက်ကြာပို့ခဲ့ပြီး သုံးခွမြို့နယ်အတွင်းရှိ ကျေးရွာ ၃၁ ရွာမှ တောင်သူ ၈၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)