ရန်ကုန် မတ် ၁၃


ထိုင်ဝမ်(တရုတ်)တွင် မတ်လ(၉)ရက်မှ (၁၀)ရက်အထိ ကျင်းပခဲ့သော  Taiwan Open 2019 အကြီးတန်းအဆင့် စားပွဲတင်တင်းနစ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကြည်မြင့်က ရွှေတံဆိပ်ဆုရရှိခဲ့သည်။ ပထမရရှိခဲ့သော စားပွဲတင်တင်းနစ် ကစားသမား ကြည်မြင့်သည် ယနေ့နံနက် ၉ နာရီ မိနစ် ၅၀ က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိ လာရာ မြန်မာနိုင်ငံ စားပွဲတင် တင်းနစ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်နှင့် အမှုဆောင်များ၊ စားပွဲတင်တင်းနစ် အားကစားသမားများ၊ မိဘဆွေမျိုး မိတ်သင်္ဂဟများက သောင်းသောင်း ဖြဖြကြိုဆိုခဲ့သည်။         

 

1


အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်ထိုင်ဝမ်(တရုတ်) ၊ဟောင်ကောင်၊ ဂွာတီမာလာ၊ ဂျပန်နှင့် ဩစတြေးလျနိုင်ငံတို့မှ ကစားသမား ပြိုင်ပွဲဝင်ဦးရေ(၈၀)ကျော် ဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာနိုင်ငံမှ ကြည်မြင့်က ဗိုလ်လုပွဲတွင် ဂွာတီမာလာနိုင်ငံမှ ကစားသမားကို အနိုင်ရရှိကာ ရွှေတံဆိပ်ဆုကို ထိုက်တန်စွာရရှိခဲ့ပြီး  မြန်မာနိုင်ငံက ပထမ ၊ ဂွာတီမာလာ နိုင်ငံက ဒုတိယနှင့် ထိုင်ဝမ်(တရုတ်)က တတိယဆုများ ရရှိခဲ့ကြောင်း သိရှိရသည်။ 


(သတင်းစဉ်)