၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၃) နိုင်ငံရေးပါတီများ
ရွေးကောက်ပွဲဟုဆိုလျှင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍက အရေးပါလာသည်။ ရွေးကောက်ပွဲကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်တို့က စီမံကြီးကြပ်ဆောင်ရွက်ကြရသည်။ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ မဲဆန္ဒရှင်ပြည်သူများက ဆန္ဒမဲပေး ကြရသည်။








