ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)သည် ဂေါတမဘုရားအလောင်းတော် သုမေဓာ ရှင်ရသေ့ဘဝတွင် နိယတဗျာဒိတ်ခံယူသည့်နေ့၊ ဂေါတမဘုရားအလောင်းတော် ဖွားမြင်သည့်နေ့၊ ဂေါတမဘုရားအလောင်းတော် ဘုရားဖြစ်သည့်နေ့၊ ဂေါတမဘုရားရှင် ပရိနိဗ္ဗာန် စံဝင်သည့်နေ့ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များက နေ့ထူးနေ့မြတ်အဖြစ်သတ်မှတ်၍ နှစ်စဉ် ကဆုန်လပြည့်နေ့တွင် ဗောဓိညောင်ရေသွန်းလောင်းပူဇော်ခြင်း၊ ဥပုဒ်သီလ ဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ စတုဒီသာကျွေးမွေးခြင်း စသည့် ကုသိုလ်ကောင်းမှုများကို ပြုကြသည်။