မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၏ စုပေါင်းရှင်ပြု၊ သီလရှင်ဝတ်အလှူတော် မင်္ဂလာအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြုစုစောင့်ရှောက်ထားသော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူငယ်သင်တန်းကျောင်းများ၊ အမျိုးသမီးဂေဟာများရှိ လူငယ်များနှင့် အမျိုးသမီးငယ်များအား မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီများနှင့် အလှူရှင်များ စုပေါင်းလှူဒါန်းသော လူမှုဝန်ထမ်းဦးစီးဌာန၏ စုပေါင်းရှင်ပြု၊ သီလရှင်ဝတ်အလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မှန်ကင်းပဇ္ဇောတာရုံကျောင်းတိုက်၊ နှစ်(၁၅၀)ကျောင်း၌ ကျင်းပသည်။






