တောင်ငူမြို့တွင် ပထမဆုံးအကြိမ် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်များလိုက်လံငှားရမ်းပေးလျက်ရှိ
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက် (Mobile) ယာဉ်ဖြင့် မေလ ၁၃ ရက် နံနက်ပိုင်းမှစတင်ကာ လဲဘူးကျေးရွာတွင် ပထမဦဆုံးအကြိမ် စာအုပ်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။








