အိမ်ထောင်စု (၃၀ဝ)ခန့် သောက်သုံရေ ဖူလုံစွာရရှိနိုင်ရန် စက်ရေတွင်းနှင့် ရေအုတ်ကန်လှူဒါန်း
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် နယ်မြေ(၃) အမှတ် (၃) ရပ်ကွက်တွင် သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် စက်ရေတွင်းနှင့် ရေအုတ်ကန် လှူဒါန်းခြင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကူညီပံ့ပိုးမှုဖြင့် မေတ္တာရေစင် ကျေးလက်ရေးရရှိရေးအသင်းမှ ၂၀၁၉ မေ ၁၂ ရက် နံနက် ၁၀ နာရီ အချိန်တွင် ရေအုတ်ကန်လှူဒါန်းခြင်း စက်ရေတွင်းဖွင့်ပွဲ နှင့် ရေစက်ချအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။






